ပြည်မြို့ရဲ့ ရာသီစာအင်ဥ

Powered by Drupal

             ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မိုးရာသီဖြစ်သော မေလနှင့်ဇွန်လများတွင် ရာသီစာအင်ဥများ ထွက်ပေါ်လာပြီဖြစ်ပါသည်။ ပေါ်ခါစဖြစ်သည့်အတွက် စားသုံးသူများက ဝယ်ယူစားသုံးကြသည့်အတွက် ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။ အင်ဥကို ပဲခူးရိုးမတကြော အင်တိုင်းတောများတွင် အင်ဥပင်များအောက်ခြေရှိသဲများကို ဂေါ်ပြားများဖြင့်တူးဆွရာမှ ရရှိပါသည်။ အင်ဥကို ကန်စွန်းရိုးနီဖြင့်ကြော်စားခြင်း၊ သံပုရာသီးများဖြင့်သုတ်စားခြင်းများဖြင့် စားသုံးကြပါသည်။ အင်ဥသည်များများစားလျှင်တောက်တက်၍ အဆိပ်အတောက်ဖြစ်တတ်သဖြင့် ကန်စွန်းရိုးနီများဖြင့် တွဲဖက်စားလျှင် သင့်တော်ပါသည်။ အင်ဥမှာ ဗီတာမင်ဘီ၊ဒီ၊ ကော့ပါး စသည့်ဓါတ်တို့ ပါဝင်သည့်အတွက် အာဟာရဖြစ်စေပါသည်။ သွေးတိုးနှလုံးရောဂါများရှိသူများမစားသင့်ဘဲ ရှောင်သင့်ပါသည်။ အင်ဥသည် ပေါ်ခါစတွင်ဈေးကောင်းပြီး နို့ဆီဗူးတစ်ဗူးလျှင် ၁၅၀၀-၂၀၀၀ ကျပ်ဈေးရှိပြီး အင်ဥလှိုင်လှိုင်ပေါ်ချိန်တွင် နို့ဆီဗူးတစ်ဗူးလျှင် ၅၀၀-၆၀၀ ကျပ်ထိ ဈေးကျသွားသဖြင့် စားသုံးသူများ ပိုမိုဝယ်ယူစားနိုင်ကြကြောင် းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)