ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

Powered by Drupal

               ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်‌နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ် ယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Yadanarbon Global Network Distribut ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၃၄ ပေပါကို ယာဥ်မောင်း ဦးဝင်းမြင့်၊ မော်တော်ယာဥ်အမှတ် 9H-3895 Nissan Diesel အမျိုးအစား မော်တော် ယာဥ်တို့ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီ ၃၄ပေပါအား ထားဝယ်မြို့အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)