ထုတ်ကုန်လုံခြုံစိတ်ချရမှုကိစ္စရပ်များအား ဆောင်ရွက်နေသည့် ဝန်များအား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကျင်းပခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုကိစ္စရပ်များအား ဆောင်ရွက်နေသည့် ဝန်များ၏ စွမ်းဆောင်ရည်မြှင့်တင်စေရန် ရည်ရွယ်၍ (၂၈.၁.၂၀၂၅) ရက်နေ့တွင် (၁)ရက်တာ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းကို ကျင်ပခဲ့ပါသည်။ သင်တန်းတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသရဖီထွန်း က ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် လုပ်ငန်းရှင်များအား အသိ ပညာပေးရာတွင် ဥပဒေနှင့်အညီ အသိပညာပေးရမည့် အချက်များ၊ ကုန်အညွှန်းအမှတ်အသား ( Labelling) နှင့် ပတ်သက်၍ ဌာနမှ ကူညီစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ပုဒ်မ ၄၁ ပါ ပြဌာန်းချက်များ နှင့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်အညီ စစ်ဆေးနိုင်ရန်အတွက် နမူနာ ကုန်စည်များဖြင့် လက်တွေ့ ပြသစစ်ဆေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကဏ္ဍများအား ခွဲခြားသုံးသပ်ပြခြင်း၊ အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု များအကြောင်း အသေးစိတ်ဆွေးနွေးခြင်း ၊ အရေးကြီးဝန်ဆောင်မှု Online Sale များအား မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် သတိထားရှောင်ကျဉ်ရမည့်အချက်များအား အသေးစိတ်သင်ကြားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)