ပြည်တွင်း/ပြည်ပဈေးကွက် ဝယ်လိုအားရှိသော ရာသီပေါ်(တံမြက်စည်းကုန်ကြမ်း) ကိုင်းဘောဈေးကွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသော (တံမြက်စည်း ကုန်ကြမ်း) ကိုင်းဘောမှာ သဘာဝအလျှောက် အလေ့ကျပေါက်ရောက်လျက်ရှိပြီး ရာသီပေါ်ဒေသ ထွက်ကုန်တစ်ခုအဖြစ် ဇန်နဝါရီလပထမပတ်မှစတင်၍ ဈေးကွက်ဝင်ရောက်လျက်ရှိရာ ဖေဖော်ဝါရီလပိုင်းတွင် ပစ္စည်းလှိုင်လှိုင်ထွက်ရှိပြီး ကိုင်းဘောအပင်မှအဖူးများ ပွင့်သွားလျင် အရည်အသွေးကျဆင်းပြီး မတ်လကုန် ဧပြီလဆန်းရောက်လျှင် ကိုင်းဘောရာသီမှာ ပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရသည်။

          ကိုင်းဘောအဓိကထွက်ရှိရာဒေသများမှာ တောင်စောင်းတောင်ကုန်းများရှိသော ချောင်းသာ၊ ငွေဆောင် ၊ မော်တင်ကားလမ်းဘေးရှိ သီဟိုဠ်ခြံ၊ ရာဘာခြံများ ပင်လယ်ကမ်းခြေဒေသဝန်း ကျင်ကျေးရွာများနှင့် ငပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းဝန်းကျင်ကျေးရွာများတွင် အများဆုံးထွက်ရှိပြီး ကိုင်းဘောရာသီရောက်လျှင် ကုန်ကြမ်းထွက်ရှိရာ ကျေးရွာများတွင် အဝယ်ဒိုင်များဖွင့်လှစ်၍ ပုသိမ်မြို့ နှင့် သာပေါင်းမြို့ပေါ်ရှိ နှစ်ပတ်လည်တံမြက်စီးပြုလုပ်သော လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့သို့ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခင်နှစ် ကိုင်းဘောရာသီအဖွင့်ဈေးမှာ ကိုင်းဘောတစ်ဘောကိုကျပ် ၁၅၀၀ဝိ/-၁၇၀၀ဝိ/- ဈေး သာ ရှိသော်လည်း ယခုနှစ်ဈေးမှာ ကိုင်းဘောတစ်ဘောကို ကျပ် ၂၅၀၀ဝိ/-၃၀၀၀ဝိ/- ဝန်းကျင်ဈေးဖြင့် ဝယ်ယူလျက်ရှိပြီး အဝယ်ဒိုင်မှ ဝယ်ယူထားသော ကိုင်းဘော များကို အနု/အလတ်/အရင့် အမျိုးအစား ခွဲခြား၍ အနု/အလတ်ကို ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုရှိပြီး ကိုင်းဘော အရင့်များကို ပြည်တွင်းတွင် တံမြက်စည်းပြုလုပ်ရာတွင် အသုံးပြုကြောင်း ကိုင်းဘောရာသီချိန်တွင် ကိုင်းဘောထွက်ရှိရာ ကျေးရွာများရှိ ဒေသခံများမှ ကိုင်းဘော ခုတ်ယူရောင်းချခြင်းဖြင့် တစ်နေ့လျှင် ကျပ် ၁၅၀၀ဝိ/-၂၀၀၀ဝိ/- ဝန်းကျင်မှ ကျွမ်းကျင်သူများမှာ ကျပ် ၂၅၀၀ဝိ/- ဝန်းကျင် အပိုဝင်ငွေ ရရှိလျက်ကြောင်း ပုသိမ်/ငွေဆောင်ကားလမ်း စိန်တောင်ကျေးရွာနေ ကိုင်းဘောအဝယ်ဒိုင်မှ သိရသည်။

DOCA(ဧရာဝတီ)