ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦး တို့သည် ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်မြေလက်လီ၊ လက်ကား အရောင်းဆိုင်များသို့ (၂၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်အတွင်းရှိ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိမရှိ၊ ဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူမြို့ရှိ ဘိလပ်မြေလက်လီ၊ လက်ကားအရောင်းဆိုင် များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်း ဘိလပ်မြေကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အယ်လဖာတစ်အိတ်လျှင် ကျပ်(၂၁၀၀၀)ရှိကြောင်း ဈေးနှုန်းများအား ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ်(၃၀၀၀) ခန့်ဈေးနှုန်းမြင့်တက်နေကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)