Online ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ကျင်းပ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတာဝန်ခံတို့သည် (၂၂.၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ “Online ရောင်းချခြင်းလုပ်ငန်း များ နှင့်စပ်လျဉ်း၍ တိုင်ကြားမှုများ၊ ကျော်ဇောသတင်းများ အပေါ် မြေပြင်စစ်ဆေးဆောင်ရွက်မှု အား အသိပညာပေး” Talk Show  ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။      

        ရေစကြိုမြို့နယ်တာဝန်ခံက Online ရောင်းချခြင်းနှင့်စပ်လျဉ်း၍ တိုင်ကြားမှုများ၊ ကျော်ဇောသတင်းများနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ အကြောင်းကြားလာမှု အပေါ်အခြေခံပြီး မြေပြင်စစ်ဆေးခြင်းများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ၊ Onlineရောင်းချခြင်းတွင် မှတ်ပုံတင်လက်မှတ်မရှိပဲ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိမှုအပေါ် အရေးယူဆောင်ရွက်မည့်အကြောင်းများ၊ Online ရောင်းချခြင်းလုပ်ငန်းကို အကြောင်းပြု၍ ဥပဒေနှင့်ညီညွှတ်ခြင်းမရှိသော ပြုမှုဆောင်ရွက်မှု တစ်ရပ်ရပ်ကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း အကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)