မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ဘိလပ်မြေ အနည်းငယ်ပြတ်လတ်မှု၊ အဆင့်ဆင့်သယ်ယူရမှုတို့ကြောင့် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပြီး ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၂၀၀၀)၊ အယ်လဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၁၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ဇန်နဝါရီလ (တတိယပတ်) ဈေးနှုန်းအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ ယခုလက်ရှိဈေးနှုန်းများမှာ အာမိုယူရီးယား (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဩဘာယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ရွှေနဂါးယူရီးယား တစ်အိတ်လျှင် ကျပ်(၁၁၃၀၀၀)၊ တရုတ်တီစူပါ သံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ တစ်အိတ် လျှင် ကျပ်(၁၀၁၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅:၁၅:၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ် (၁၄၀၀၀၀)၊ တရုတ် အာမို ၁၆:၁၆:၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်းများမှာ ဇန်နဝါရီလ (ပထမပတ်)ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။ အာမိုမက်နီဖော့(500)cc တစ်ဘူး လျှင် ကျပ်(၆၅၀၀၀)၊ အာမိုမက်နီဖော့ (၁)လီတာတစ်ဘူးလျှင် ကျပ်(၁၀၅၀၀)၊ အာမိုစတား(၁)လီတာ တစ်ဘူးလျှင် ကျပ်(၆၇၀၀၀)၊ အာမိုအီမာ(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၁၈၀၀၀)၊ (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ (၁)လီတာ တစ်ဘူးလျှင် ကျပ်(၅၃၀၀၀)၊ ဂျက်ကက် မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၄၀၀၀)၊ ဩဘာငှက်ကြီးတောင် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၂၆၀၀၀)၊ ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၆၂၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၅၀၀၀)၊ (250)cc တစ်ဘူးလျှင် ကျပ်(၂၅၅၀၀)၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၇၀၀၀)၊(၅၀၀)cc တစ်ဘူးလျှင် ကျပ်(၆၈၀၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)