မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား Online Sales Registrution ပြုလုပ်နိုင်ရေး အသိပညာပေး Talk Show ကို (၃၀. ၁. ၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် အာမခံချက် ပေးရမည့်အချက်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးချက်များအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူးက အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် Online စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့် Online System ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကိုထုတ်ပြန်ခဲ့ပြီးဖြစ်၍ မဖြစ်မနေ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း မှတ်ပုံတင်လျှောက်ထားရန် www.Ecomreg. gov.mm သို့ ဝင်ရောက်၍ မှတ်ပုံတင်ပုံနှင့် မှတ်ပုံတင်လျှောက်ထားရန် လိုအပ်သောအချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)