ယခင်ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပြည်မြို့ပေါ် အောင်ဆန်း၊ ပြည်သာယာရပ်ကွက်ရှိ ဥယျာဉ်စု၊ ရှမ်းစု၊ ချင်းစု၊ ရေပူစမ်း စတဲ့ ဥယျာဉ်ခြံမြေများမှထွက်ရှိသော ဒန့်သလွန်သီး တောင့်များနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ဆင်တဲရွာ၊ ညောင်ပင်စုရွာ၊ မန်ကျည်းစုရွာတို့မှ ပြည်မြို့ပေါ်ဈေး များသို့ ရက်ခြားအတောင့် (၅၀-၆၀)ခန့် စတင်ဝင်ရောက်မှုရှိနေသည့်အတွက် ဈေးကောင်းရလျက် ရှိပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဈေးနှုန်းမှာ အတောင့်ချောလျှင် တစ်တောင့်ကို ကျပ်(၄၅၀-၅၀၀)နှုန်းရရှိပြီး အတောင့်သေးလျှင် ကျပ်(၃၀၀)နှုန့်ခန့်နှင့် အရောင်းအဝယ်ဖြစ်လျက် ရှိနေကြောင်းသိရသည်။
DOCA(ပဲခူး)