ရွှေတောင်မြို့၏ကိုင်းခရမ်းချဉ်သီးဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

ရွှေတောင်မြို့၊ မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်းကျေးရွာရှိ တောင်သူဦးအောင်ဝင်း၏ ခရမ်းချဉ်သီး စိုက်ခင်းသို့ (၃.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီတွင် သွားရောက် ဈေးနှုန်းအခြေအနေနှင့် အကျိုးအမြတ်သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။ ကိုင်းခရမ်းချဉ်သီး (ချက်ပြား) သီးမျိုးဖြစ်ပြီး ဒေသမျိုးကိုစိုက်ပျိုး၍ ပျိုးရက် (၂၀)ရက်ထိ ပျိုးပြီးမှ တစ်ပင်နှင့်တစ်ပင် (၃)ပေခြားပြီး စိုက်ရပါသည်။ တန်ဆောင်မုန်းလတွင်စတင်စိုက်ပျိုးပြီး ပြာသိုလတွင် စတင်ခူးဆွတ် ရပါသည်။ စိုက်ဧက (၃) ဧကရှိပြီး တစ်ခါခူးဆွတ်လျှင်အချိန် (၂၀၀)ကျော်ခူးဆွတ်ရရှိပြီး အသီးပေါ်မူတည်၍ (၃)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ခရမ်းချဉ်သီးထွက်ပေါ်ချိန်တွင် ဒိုင်များမှ စိုက်ခင်းထိလာရောက်၍ (၁)ပိဿာလျှင် (၁၈၀၀)ကျပ်ဖြင့်ဝယ်ယူပြီး လက်လီပြန်လည် ရောင်းချကြ ပါသည်။ လက်လီဈေးမှာကိုင်းခရမ်းချဉ်သီး (၁)ပိဿာကို (၄၀၀၀)ကျပ်ဖြင့် ရောင်းချနေကြပါသည်။ ကိုင်းခရမ်းချဉ်သီး ခူးဆွတ်မှုကြာချိန်မှာ ၁လခွဲမှ၂လခွဲလောက် ကြာပြီး ကုန်ကျစရိတ်စုစုပေါင်း (၅)သိန်းဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ်မှာ အရင်းနဲပြီး အမြတ်များ များရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)