ဈေးနှုန်းကျဆင်းလာ၍ ဝယ်လိုအား များလာသော ပြည်ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ခရမ်းချဉ်သီးများလှိုင်လှိုင် ပေါ်များလာ၍ ဈေးနှုန်းများကျဆင်းလာကာ စားသုံးသူပြည်သူများ ဝယ်လိုအား များပြားလာ ကြောင်း သိရပါသည်။ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် မှော်ဇာ၊ ပုတီးကုန်း၊ အင်းမမြို့နှင့် အခြားကျေးရွာများ၊ ပြည်မြို့အနီးတဝှိက်ရှိ တပိုင်တနိုင်စိုက်ပျိုးသော ခရမ်းချဉ်သီးစိုက်တောင်သူများမှ တိုက်ရိုက်လာရောက်ရောင်းချသလို ကုန်စိမ်းဒိုင်များမှတဆင့် ပြန်လည်ရောင်းချကြပါသည်။ ယခုလ ဇန်နဝါရီလ ပထမပတ်စတင်၍ ဈေးနှုန်းများတဖြည်းဖြည်း ကျဆင်းလာကာ ယခုပတ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကိုင်းခရမ်းချဉ်သီး (တောသီး) နှင့် ထိုင်ဝမ် ခရမ်းချဉ်သီး(ရှမ်းသီး)များ ဈေးနှုန်းပြန်လည်ကျဆင်းလာသောကြောင့် ဝယ်လိုအားများပြီး အရောင်း အဝယ်ဖြစ်ကြောင်း သိရပါသည်။ ယခင်လက ကိုင်းခရမ်းချဉ်သီး (တောသီး) တစ်ပိဿာလျှင် ကျပ် (၈၀၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး (ရှမ်းသီး) တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ရှိသော်လည်း ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် (၃၀၀၀) နှင့် ထိုင်ဝမ် ခရမ်းချဉ်သီး (ရှမ်းသီး) တစ်ပိဿာလျှင် ကျပ် (၁၅၀၀) ထိ ဈေးနှုန်းများကျဆင်းလာသောကြောင့် ဝယ်လိုအားများလာပြီး အရောင်းအဝယ်ပိုမိုဖြစ်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)