ပဲခူးတိုင်းဒေသကြီးရွှေတောင်မြို့နယ် မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဦးစိုးမြင့်လေး၏ ပဲစောင်းလျှားသီးစိုက်ခင်း၌ ပဲမြစ်များတူးယူနေမှုကို (၃.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီတွင်သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ ပဲစောင်းလျှားသီးကို တစ်ယောက်စိုက် စိုက်ပျိုးထားပြီး ပဲစောင်းလျှားသီးများတုန်းသွားချိန်၌ ပဲမြစ်များကို ပြာသိုလတွင် တူးယူရောင်းချ ကြပါသည်။ ပဲမြစ်များကို နေ့စဉ်တူးယူပါက (၁၀)ရက်မျှသာကြာသော်လည်း အလုပ်သမားများ ကိုအတူးငှားရသည့်အတွက် အလုပ်သမားများအလုပ်အားချိန်ကို စောင့်၍တူးယူရ သော်ကြောင့်ရက် အနည်းငယ်ပို၍ကြာမြင့်ပါသည်။ တစ်ခါတူးယူလျှင်ပိဿာချိန် (၁၅)ပိဿာရရှိပြီး (၁)ပိဿာလျှင် (၃၀၀၀)ကျပ် ဈေးဖြင့်မြို့ထဲမှ ပွဲစားများမှ လာရောက်ကောက်ယူပြီး ပြန်လည်၍ လက်လီ/ လက်ကားရောင်းချကြပါသည်။ ပိဿာချိန် စုစုပေါင်း (၁၅၀)ကျော်ထွက်ရှိပြီး ကုန်ကျစရိတ်မှာ တူးယူစအလုပ်သမားတစ်ဦးလျှင် (၁)သောင်းပေးရပြီး (၁၀)ရက်အတွက်တူးခ အလုပ်သမားလုပ်ခ (၁)သိန်းခန့်ကုန်ကျရပါသည်။ အကျိုးအမြတ်မှာ (၃၅၀၀၀၀)ကျပ်ခန့်ကျန်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)