ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ပထမအပတ်တွင်လည်း ၁၀၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများအတက်အကျမရှိ
ယခင်လဈေးနှုန်းအတိုင်းဈေးငြိမ်နေပါသည်။
ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၂၂၀၀ ကျပ်၊ယခု ဖေဖော်ဝါရီလ ပထမအပတ်လည်း ဈေးနှုန်း အပြောင်းအလဲမရှိပဲ ဈေးငြိမ်နေပါသည်။
ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလနောက်ဆုံးပတ်တွင် (၁၀) ကျပ်သားလျှင် ၂၀၀၀/ ကျပ်ပေါက်ဈေးရှိနေပြီး ဖေဖော်ဝါရီလ ပထမအပတ်လည်း ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သားလျှင် ၂၀၀၀/ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဥ တစ်လုံးဈေးကွက်လည်းရှိ နေပြီး တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)