ပြောင်းဖူးစိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဘိုကုန်းအုပ်စု၊ ဘိုကုန်းကျေးရွာ တွင်  ဖူးစားပြောင်းကို နှစ်စဉ် စိုက်ပျိုးပြီးယခုထွက်ရှိနေသော ပြောင်းဖူးများကို နိုဝင်ဘာလတွင် စိုက် ပျိုးပြီး ဇန်နဝါရီတွင် ထွက်ရှိကြောင်း တစ်ဧကလျှင် မျိုးစေ့ထုတ်(၅)ထုတ်ခန့် စိုက်ပျိုးရပြီး ရေတင် စနစ်ဖြင့် တစ်ပင်နှင့်တစ်ပင် အကွာအဝေး (၁၀)လက်မ မကွာအဝေးထား၍ စိုက်ပျိုးရပါကြောင်း     စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ  အပါအဝင်တစ်ဧကငွေ ကျပ် (၁၅၀၀၀၀၀)  သိန်းကျော်ခန့်ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့် ရာသီဥတုအပေါ်မှုတည် ၍ တစ်ဧက အဖူးရေ(၈၅၀၀)ခန့် ထွက်ရှိပါကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ပြောင်းဖူးအရွယ်အစားပေါ်မှုတည်၍  ခြံ ပေါက်ဈေး ပြောင်းဖူးတစ်ဖူး ငွေကျပ်(၃၅၀)မှ(၄၀၀) ရောင်းချရ၍  စိုက်ပျိုးထွက်ရှိသော ပြောင်းဖူး များကို ကုန်စိမ်းဒိုင်များမှတဆင့် ရန်ကုန်မြို့သို့ တင်ပိုရောင်းချကြောင်း တစ်ဧကအကျိုးအမြတ် အားဖြင့် ငွေကျပ် (၁၇၀၀၀၀၀)ခန့် ရရှိ၍ ပြောင်းဖူး စိုက်ပျိုးခြင်းဖြင့် တောင်သူများ တွက်ခြေကိုက်၍ အကျိုးများလျက်ရှိကြောင်း ပြောင်းဖူး စိုက် တောင်သူများ ထံမှသိရပါသည်။

DOCA(ပဲခူး)