ရန်ကုန် ဘုရင့်နောင် ဈေးကွက်တွင် မအူပင် လုံးတီး ဆန်များ ဈေးကောင်းရ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) နေ့တွင် မအူပင်မြို့နယ် ဆန်စက်ပိုင်ရှင်အသင်းမှ ဒု-ဥက္ကဌ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုးနှင့် တွေ့ဆုံ၍ ဆန်စက်အသင်း၏ ရှေ့ဆက်မည့် လုပ်ငန်းအစီအမံများ ဆန်၊ စပါး၊ ဈေးကွက် အခြေအနေများနှင့် ဆန်စပါး အရည်အသွေးကောင်းမွန်ရန် ဈေးကောင်းရရှိနိုင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြပါသည်။

          ထို့အပြင် ယခုရက်ပိုင်းအတွင်း မအူပင်မြို့နယ်ရှိ ဆန်စက်များတွင် ဧည့်မထဆန် လုံးတီးများ ရန်ကုန် ဘုရင့်နောင် ဈေးကွက်တွင် ဝယ်လိုအားရရှိသဖြင့် တစ်အိပ်လျှင် (၂၆၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)