တိုင်းဒေကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၃.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည် Online Sales မှတ်ပုံတင်ထားသော မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်ရှိ Shwe Latt Twel လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက် ဒေါ်ဖြူဖြူလွင် ၊ Shwe Latt Twel Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်းလျှောက်ထားသည့်အချက်များ (၁၈)ချက်နှင့် မြေပြင်တွင် သွားရောက်စစ်ဆေးသည့်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)