ပြည်မြို့၏ဘိလပ်မြေဈေးနှုန်းဈေးကွက်

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင် (၁၀)ဆိုင် နီးပါးခန့် ရှိပါသည်။ ဆိုင်ကြီးမှာ (၄)ဆိုင်နီးပါးခန့် ရှိ၍ ယခုတစ်ပတ်တွင်း ဘိလပ်မြေ ဈေးမှာပိုမို၍ ယခင်အပတ်ကထက်အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆိုင်ကြိးများမှာ ရန်ကုန်ကုမ္မဏီကြီးများဖြစ်သော နိုင်းနိုင်းကုမ္ပဏီနှင့် ရွှေမေတ္တာကုမ္ပဏီကြီးများဝယ်ယူရောင်းချကြပြီး ယခင်နှစ်ကုန်လများမှစတင်၍ ဘိလပ်မြေမှာ လိုအပ်သလောက် ဝယ်ယူမရရှိခဲ့ကြောင်း၊ ကျောက်ဆည်ဘိလပ်မြေ စက်ရုံမှ ဘိလပ်မြေထုတ်လုပ်ရာတွင် ကုန်ကြမ်းရှားပါးမှု ကြောင့် လည်းကောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူးရောင်းချ ရမှုတို့ကြောင့် ဈေးမြင့်တက်လာခဲ့သည်ဟု ယူဆပါကြောင်း လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်ကို သိရှိရပါသည်။ ယခင်နှစ်(၁၁)လပိုင်းမှ စတင်ကာ ကြံ့နီဘိလပ်မြေဈေးမှာ (၁၂၅၀၀)ကျပ်ဈေး၊ အယ်ဖာဘိလပ်မြေ ဈေးမှာ (၁၂၅၀၀)ကျပ် တို့ဖြင့် စတင်၍ ဈေးကြီးမြင့်တက်လာခဲ့ရာတွင် ယခုအချိန်ထိ ဈေးနှုန်းမှာ ပြန်လည်ကျဆင်းသွား ခြင်းမရှိသေး၍ ယခုဇန်နဝါရီလ နောက်ဆုံးပတ်ဘိလပ်မြေဈေးနှုန်းမှာ ပြည်မြို့တွင်း စားသုံးသူ ဝယ်လိုအား အများဆုံးဖြစ်သည့် ကြံ့နီဘိလပ်မြေဈေးမှာ (၂၇၀၀၀)ကျပ်၊ အယ်ဖာဘိလပ်မြေဈေးမှာ (၂၇၀၀၀)ကျပ်ဈေးထိ မြင့်တက်လာခဲ့ပါသည်။ ဇန်နဝါရီလ ပထမပတ်တွင် ဘိလပ်မြေဈေးမှာ ကြံ့နီ ဘိလပ်မြေဈေးမှာ (၁၉၀၀၀)ကျပ်နှင့် အယ်ဖာ ဘိလပ်မြေဈေးမှာ (၁၉၀၀၀)ကျပ်၊ ဇန်နဝါရီလဒုတိယပတ်တွင် ကြံ့နီဘိလပ်မြေဈေးမှာ (၂၁၀၀၀)ကျပ်၊ အယ်ဖာဘိလပ်မြေ‌ဈေးမှာ (၂၁၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

                ယခုပြည်မြို့၏ ဘိလပ်မြေဈေးကွက်တွင် ဘိလပ်မြေပြတ်လပ်မှုမရှိကြောင်းသိရ၍ ကုန်ပစ္စည်းလက်ကျန်နည်းပါးမှုသာရှိကြောင်း သိရပါသည်။ အရောင်းအဝယ်မှာလည်း ပုံမှန်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)