ပြည်မြို့ဈေးကွက်တွင်ဘိုကိတ်ပဲသစ်များအထွက်လှိုင်လာပြီး လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

           ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ အထွက်လှိုင်လာသည့်အတွက် ဝင်ရောက်မှုအနေဖြင့် တစ်ရက်ကို အိတ်(၂၀၀-၂၅၀)ကျော်ဝင်ရောက်လာခဲ့ပါသည်။ မင်းတုန်း၊ ကံမ၊ ပန်းတောင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းလက်လီသမားများသည် နေ့စဉ်အဝယ်ရှိနေသလို လက်ကားဝယ်ယူမှုများလည်းရှိကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် တစ်တင်း (၈၅၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိခဲ့တာကြောင့် ပဲသစ်ပေါ်စအချိန်ဈေးနှုန်းထက် ဈေးအနည်းငယ်လျော့နည်းသွားခဲ့ပါသည်။ ပဲသစ်ပေါ်စအချိန်ဈေးနှုန်းမျာ တစ်တင်းကျပ် (၁၀၀၀၀၀)ကျော် ရရှိခဲ့သည့်အတွက် ပဲအထွက်လှိုင်လာချိန်မှာ ဈေးလျော့ခဲ့ပြီး ယခင်နှစ်ကဈေးထက်တော့ ဈေးပိုရရှိခဲ့ပါသည်။ ယခင်နှစ်တွင် နှစ်ဆန်းပိုင်းပဲအထွက်လှိုင်လာချိန် ပဲဈေးမှာ တစ်တင်း (၇၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)