ရွှေ‌တောင်မြို့နယ်တွင်ဖရဲသီး (၆၁၁)မျိုးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲအုပ်စုတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ၊ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ဖရဲသီး (၆၁၁)မျိုးများကို တစ်နိုင်တစ်ပိုင်တောင်သူ (၁၈)ဦးမှ (၆)ဧကခန့်စိုက်ပျိုးထားကြောင်းသိရှိရပါသည်။

         ဖရဲသီးကို အောက်တိုဘာလဆန်းတွင်စတင်စိုက်ပျိုးထားကြပြီး ဇန်နဝါရီလဆန်းတွင် စတင်ပေါ်ပေါက်၍ (၃)လကြာမြင့်ပါသည်။ ဖရဲသီးသည်တစ်ဧကလျှင် ရောင်းတန်းဝင်ဖရဲသီးအလုံး (၁၅၀၀)ခန့်ထွက်ရှိပါသည်။ ဖရဲသီးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တစ်ဧကလျှင်(၆)သိန်းကျပ်ခန့်ကုန်ကျပြီး၊ ပြန်လည်ရောင်းချရာတွင်အခင်းပြတ်တစ်ဧကလျှင် (၂၅)သိန်းကျပ်ရရှိပါသည်။ သို့ အတွက် ဖရဲသီးတစ်ဧကလျှင် အကျိုးအမြတ် (၁၉)သိန်းခန့်ရရှိပါသည်။

          ဝယ်ယူသူများအနေဖြင့်လည်း ဖရဲသီးများကိုအကြီးအသေးပေါ်မူတည်ပြီး(၂၀၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိပြန်လည်ရောင်းချကြပါသည်။ ပြန်လည်ရောင်းချရာတွင်ရန်ကုန်၊ ပြည် လမ်းဘေးတွင် ဆိုင်များဖွင့်လှစ်၍၎င်းအနီးအနားမြို့များသို့ ဖောက်သည်ပေး၍လည်းကောင်းရောင်းချကြပါသည်။

           သို့ဖြစ်ပါ၍ ယခုနှစ်ဖရဲသီးများသည် တောင်သူနှင့်ပြန်လည်ရောင်းချသူနှစ်ဦးစလုံးအကျိုးရှိသော သီးနှံဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)