စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းစိုးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) ရက်နေ့ (၁၂:၀၀) မှ (၁၃:၃၀)အထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကို ပန်းတနော်မြို့နယ် ၊ လင်းလက် အမျိုးသမီးစက်ချုပ် သင်တန်းကျောင်းတွင်   ပြုလုပ်ခဲ့ကြပါသည်။     

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဌာနဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပါဝင်ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

          ၎င်းဟောပြောပွဲတွင် ပန်းတနော်မြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းစိုးမှ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များအကြောင်း ၊စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး အသိပညာပေးခြင်းများ၊ နစ်နာဆုံးရှုံးမှု ရှိလာပါက ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်းနှင့် စားသုံးသူပြည်သူများနှင့် ကုန်စည်/ ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနေသော လုပ်ငန်းရှင်များအတွက်ပါမကျန် သိရှိလိုသည်များကို မေးမြန်းနိုင်ဖို့ Consumer Call Center ဝန်ဆောင်မှုကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်၍ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အပြန်အလှန်ရှင်းလင်း ဖြေကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)