![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11_67.jpg?itok=wDGzqwU6)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်းကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချပါသည်။ ဂေါ်ဖီထုတ်(မုံလာထုတ်)များကို ယခင်ကာလများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ဆောင်းပိုင်းကာလ ဒီဇင်ဘာလ နှင့် ဇန်နဝါရီလများတွင် မိမိဒေသမှ လှိုင်လှိုင်ထွက်ရှိသည့် ဂေါ်ဖီထုတ် (မုံလာထုတ်) များကိုသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
ဂေါ်ဖီထုတ် (မုံလာထုတ်) ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ်လျှင်(၃၀၀၀/၃၅၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမအပတ်တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် ဇန်နဝါရီလနောက်ဆုံးပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)