![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12_62.jpg?itok=DA6FgYFg)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါး သီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ရွှေပဲသီးကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။
ကန့်ဘလူမြို့ မြို့မဈေးတွင် ရွှေပဲသီးကို ရောင်းချလျက်ရှိရာမှ ရွှေပဲသီးကို လူကြိုက်များပြီး အမျိုးမျိုးအသုံးပြုကြပုံမှာ ရွှေပဲသီးကို အစိမ်းကြော်ကြော်စားခြင်း၊ ရွှေပဲသီးကို ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ် တို့ဖြင့်ရောကြော်ခြင်း၊ ရွှေပဲသီးကို စားသောက်ဆိုင်များမှ ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်တို့ ကြော်ရာတွင် အသုံးပြုခြင်းဖြစ်သည့်အတွက် ဈေးကြီးသော်လည်း ရောင်ရကြောင်းသိရပါသည်။
ကန့်ဘလူမြို့မဈေးအတွင်းရှိ ရွှေပဲသီး ဈေးနှုန်းမှာ ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ရွှေပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)