ထားဝယ်မြို့ရှိဂေါ်ဖီထုပ်ဈေးနှုန်း/ဈေးကွက်

Powered by Drupal

          ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက် အမျိုး  အစားဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး နည်းလမ်း မျိုးစုံဖြင့် ချက်ပြုတ်စားသောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထားဝယ်ခရိုင်သည် ဂေါ်ဖီထုပ်ထွက်ရှိသည့်ဒေသ မဟုတ်သည့်အတွက် ရှမ်းပြည်နယ်ဘက်မှ ကုန်တင်ကားများဖြင့် အဆင့်ဆင့်သယ်ယူ‌ရောင်းချကြပြီး ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၂၅၀၀-၃၀၀၀)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကမ်းနားဈေးရှိ ဂေါ်ဖီထုပ် ရောင်းချသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)