ထားဝယ်ဒေသရှိ ဌက်ပျောသီးစျေးနှုန်း၊စျေးကွက်အခြေအနေ

Powered by Drupal

          ဌက်ပျောသီးသည် လူတို့အတွက် အဟာရဓာတ်ဖြည့်စွမ်းသော အစားအစာတစ်ရပ်ဖြစ်သည်။ ဌက်ပျောပင်မျိုးပေါင်း(၇၀)နီးပါးရှိသည့်အနက် မြန်မာနိုင်ငံ၌ ထင်ရှားသော ဌက်ပျောမျိုးများမှာ  ထောပတ်၊ ရခိုင်၊ နံ့သာပု၊ သီးမွှေး၊ ဖီးကြမ်း၊ သူငယ်စာ၊ ပျားရည်ဆမ်း၊ ရသာရုံ၊ မယားမန်း၊ ဌက်ပျော ချဥ်၊ ရွှေနီနှင့် ဝက်မလွတ်တို့ဖြစ်သည်။ ဌက်ပျောသီးပျားအုံး၊ ဌက်ပျောဆနွင်းမကင်း၊ ဌက်ပျောကြော် များပြုလုပ်၍ အချိုပွဲများအဖြစ်စားသုံးကြသကဲ့သို့ မနက်စာအနေဖြင့်လည်း လက်ဖက်ရည်နှင့် လည်းစားသုံးကြသည်။ ထားဝယ်ဒေသတွင် အထွက်များဆုံး ဌက်ပျောသီးများမှာ ဆင်အံသီး၊ ဖီးကြမ်း သီးများ ဖြစ်ကြသည်။ အိမ်ခြံဝန်းထဲတွင် အသီးသီးစိုက်ပျိုးထားကြလေ့ရှိပြီး ရပ်ကွက်စျေးများထဲတွင် တစ်နိုင်တစ်ပိုင်ရောင်းချကြသည်။ ထားဝယ်စျေးကွက်တွင် ဌက်ပျောသီး ဆင်အံသီးတစ်ဖီးလျှင် (၃၅၀၀-၄၅၀၀)ကျပ်၊ ဖီးကြမ်းသီးတစ်ဖီးလျှင် (၄၅၀၀-၅၀၀၀)ကျပ်ရှိပြီး ရွှေဌက်ပျောသီးတစ်ဖီးလျှင် (၅၀၀၀-၆၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)