![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/13_63.jpg?itok=-GCwqGEm)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ပန်းဂေါ်ဖီများကို ယခင်ကာလများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလများတွင် ဒေသတွင်း လှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်း ချလျက်ရှိကြောင်းသိရသည်။
ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး /အသေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေးနှုန်းအနေဖြင့် ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၁၅၀၀)ကျပ် ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ ယခင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပန်းဂေါ်ဖီအပွင့် အကြီး/အသေးပေါ်မူတည်၍ တစ်ပွင့်လျှင် (၁၅၀၀/ ၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ပန်းဂေါ်ဖီ အပွင့် အကြီး/အသေးပေါ်မူတည်၍ တစ်ပွင့်လျှင်(၁၅၀၀/၁၈၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေပြီး ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အပြောင်းအလဲမရှိတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)