စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည့် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြိူ့မှ မှာယူရောင်းချကြောင်း သိရသည်။
ကန့်ဘလူမြို့ မြို့မဈေးတွင် မုံညှင်းထုတ်ကို ရောင်းချလျက်ရှိရာမှ မုံညှင်းထုတ်ကို လူကြိုက်များ ပြီး အမျိုးမျိုးအသုံးပြုကြပုံမှာ မုံညှင်းထုတ်ကို အသားများနှင့်အစိမ်းကြော်ကြော်စားခြင်း၊ မုံညှင်းထုတ်ကို ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ခါကြက်ဥ တို့ဖြင့်ရောကြော်ခြင်း၊ မုံညှင်းထုတ်ကို ငါးဖယ်၊ ပြောင်းဖူးတို့နှင့် ပေါင်းစားခြင်း၊ မုံညှင်းထုတ်ကို ဟင်းချိုချက်စာခြင်း မုံညှင်းထုတ်ကို စားသောက်ဆိုင်များမှ ကြာဆံ ကြော်၊ ခေါက်ဆွဲကြော်တို့ ကြော်ရာတွင် အသုံးပြုခြင်း ဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရပါသည်။
ကန့်ဘလူမြို့မဈေးအတွင်းရှိ မုံညှင်းထုတ် ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမ အပတ်တွင် မုံညှင်းထုတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)