စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ နန္ဒဝန်ဈေးသို့ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
နန္ဒဝန်ဈေးအတွင်းသို့ ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် သံပုရာသီး အလုံး အကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး (၁)လုံးလျှင် (၁၅၀)ကျပ်မှ (၂၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်ပြီး ရောင်းချလျက်ရှိပြီး ယခု ဖေဖော်ဝါရီလ ပထမပတ်တွင် သံပုရာသီး အလုံးအကြီး/ အသေးပေါ်မူတည်၍ သံပုရာသီး (၁)လုံးလျှင်(၁၀၀)ကျပ်မှ ၁၅၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)