စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ဒေသတွင်းစားသုံးရန် အတွက်ရာသီချိန်အလိုက် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ယခုအချိန်အခါသည် စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာသီဖြစ်သဖြင့် ဈေးကွက်အတွင်း လူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် ရာသီစာဆလပ်ရွက်များ လှိုင်လှိုင်ရောင်းချလျက်ရှိသည်။
ဆလပ်ရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေး ရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုး နှင့်တွဲဖက်စားသုံး၍ရသည့်အတွက် စားသောက်ဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဆလပ်ရွက်အပင်ကြီး(၁)ပင်လျှင် (၅၀၀)ကျပ်၊ ဆလပ်ရွက်အပင်သေး(၁)ပင်လျှင် (၄၀၀)ကျပ်ဖြင့် ကန့်ဘလူမြို့မဈေးရှိ ကုန်စိမ်းရောင်းချသူများထံ ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဆလပ်ရွက်စိုက်ပျိုးသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)