စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီးသည် မေလ(စတုတ္တ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဈေးအနည်းငယ်တက်နေပြီး ရေဦးမြို့တွင် ဈေးအနည်းငယ်ကျနေသည်။ မုံရွာခရိုင်တွင် စပါးဈေးအနည်းငယ်ကျနေပြီး၊ ဆန်ဈေးအနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးတန့်နေပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(စတုတ္တပတ်)တွင်ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ်(၁၅၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါတစ်အိတ် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း(ဆန်)တစ်အိတ်လျှင်ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၃၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

           မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၄၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ(တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၄၀၀၊ မန္တလေးသို့ အိတ်ရေ ၃၆၃၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၀၇၀၀)အိတ်၊ တန်အားဖြင့် (၅၀၃၅)စီးထွက်ခဲ့ပြီး၊ ယခု မေလ(စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၃၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၂၃၀၀) အိတ်၊ တန်အားဖြင့် (၅၁၁၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၆၀၀) တန်အားဖြင့် (၈၀) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။         

DOCA(စစ်ကိုင်း)