![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_26.png?itok=4etD8Lsq)
မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာတွင် ပြည်ပပို့ကုန်သီးနှံ ငရုတ်အမှည့်စိမ်း စိုက်ပျိုးကြောင်း သိရသည်။ မအူပင်ခရိုင်အနေဖြင့် ငရုတ်သီးနှံအမျိုးမျိုး စိုက်ဧကပေါင်း ၆၆၆၁ ဧက ရှိကြောင်း သိရသည်။ တလုပ်လပ်ကျေးရွာတွင် ငရုတ်မှည်စိမ်း ၁ဧက စိုက်ပျိုူးနေသူ ဦးထွန်းအေး၏ စိုက်ပျိုးထွက်ရှိနေမှုနှင့် ဈေးကွက်ရရှိမှုကို ကွင်းဆင်းလေ့လာခဲ့သည်။
မျိုးအနေဖြင့် မနီကမ်း တံဆိပ် ငရုတ်အမှည့်စိမ်းမျိုး ကို ၁ထုတ်လျှင် ၁၅၀၀၀ကျပ်နှုန်းဖြင့် ဝယ်ယူ၍ ၁ဧကလျှင် မျိုးထုတ် ၂၂ထုတ် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့များကို ပျိုးထောင်ပြီး ၁၀ရက်သားအရွဉ်တွင် မြေချ၍ အတန်းလိုက် စနစ်တကျစိုက်ပျိုးကြောင်း၊ အောက်တိုဘာလ မိုးလွတ်ရေကျချိန်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရလတွင် စတင်ထွက်ရှိပြီး မတ်လတွင် လှိုင်လှိုင်အခင်းပြတ်ထွက်ရှိကြောင်း၊ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ငရုတ်အမှည့်စိမ်း ပိဿာချိန် ၃၂၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းက ငရုတ်အမှည့်စိမ်း လက်ကားဈေး တစ်ပိဿာ လျှင် ငွေကျပ် ၃၀၀၀ ဖြင့် ဈေးရှိကြောင်း၊ လှိုင်လှိုင်ထွက်ပေါ်လာချိန် ဈေးနှုန်းအပြောင်း အလဲရှိ နိုင်ကြောင်း တစ်ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးသူမှ ငွေကျပ် ၆၆၀၀၀၀၀ ခန့် ရရှိကြောင်း၊ ငရုတ်ကောက်သူများလည်း ပြည်ပတင်ပို့ကုန်ဖြစ်၍ သိန်း၂၀ရင်းလျှင် သိန်း၂၀ အကျိုး အမြတ်ကျန်ရှိသော သီးနှံတစ်ခုဖြစ်ကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် မအူပင် ချောင်းကြီး ရေလဲဒိုင်သို့ တင်ပို့ရောင်းချကြပြီး ၎င်းတို့မှ တဆင့် ရန်ကုန်၊ ရန်ကုန်မှ တဆင့် ပြည်ပသို့တင်ပို့ကြောင်း၊ ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)