မအူပင်မြို့ တလုပ်လပ်အနောက် ကျေးရွာတွင်စိုက်ပျိုးနေသော နှစ်ရှည် စံပါယ်ဖူး ပန်း နှစ် တစ်ပါတ်လည်ထွက်ရှိ၍ စိုက်ပျိုးသူ ဝင်ငွေရ

Powered by Drupal

မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာ အနောက်ဘက် တွင် ပန်းမျိုးစုံစိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးသောပန်းများမှာ ကြယ်တာရာ၊ မေမြို့ပန်း၊ ဂန္ဓာပန်း၊ စူပါကျောက်စိမ်း စသော ပန်း၊ နှစ်ရှည်အပင်ဖြစ်သော စံပါယ်ဖူး ပန်းကိုလည်း စိုက်ပျိုးသူများပြားကြောင်း သိရသည်။ ယခု နှစ်ရှည် စံပါယ်ဖူး ပန်းသည် စိုက်ပျိုးသူ ပြောကြားချက်အရ သက်တမ်းအနှစ် ၂၀ ရှိပြီဖြစ်ကြောင်း နှစ်ရှည်စံပါယ်ဖူး ပန်းကို တစ်ရွာလုံးနီးပါး စိုက်ပျိုးကြကြောင်း၊ တလုပ်လပ်အနောက်တွင် အိမ်ထောင်စု ၄၈၇ စု ရှိကြောင်း သိရသည်။

          မျိုးအနေဖြင့်  စပါယ်ကိုင်း ရိုးတံကို စိုက်ပျိုးပြီး ဆယ်လန် ၄ခွက်တွင် အပင် တန်း ၄၀ ဖော်၍ စိုက်ပျိုးထားကြောင်း၊ စံပါယ်ပင်ကို အညွှန့်သတ်ပေးပြီး ရှင်းလင်းပေးရကြောင်း၊ ဆောင်ရာသီတွင် အထွက်နည်းပြီး နွေရာသီနှင့် မိုးရာသီတွင် အထွက်များကြောင်းသိရသည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ၄လတစ်ကြိမ်သာ ကုန်ကျပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ ခန့်သာ ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ယခု ဆယ်လန်၄ခွက်လျှင် ၁လကို ပန်းပိဿာချိန် ၅၀ ခန့် ထွက်ရှိကြောင်း သိရသည်။ မိုးရာသီနှစ် နွေရာသီ ဖြစ်ပါက ပန်းဖူး ပိဿာချိန်  ၁လကို ၅၀၀ ခန့်ထိ ထွက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာ လျှင် ငွေကျပ် ၁၁၀၀၀ ဖြင့် ဈေးရှိကြောင်း၊ စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးသူမှ ငွေကျပ် ၄၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျေးရွာအတွင်း ပန်းကောက်သူပွဲစားကုန်သည်များဝယ်ယူကြပြီး ရန်ကုန်သို့ တင်ပို့ကြောင်း သိရသည်။ စံပါယ်ဖူး စိုက်ပျိုးခြင်းဖြင့် နှစ်ရှည်ပင်ဖြစ်ပြီး လစဉ် နေ့စဉ် ဝင်ငွေရရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)