ပြည်မြို့အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေး ဆွေးနွေးပွဲများကျင်းပ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ '' မြို့နယ်တစ်မြို့နယ်လျှင် စိုက်ပျိုးရေး၊ မွေးမြူးရေး နှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆောင်ရွက်ရန်အတွက် တစ်လလျှင် ကျေးရွာ (၁၀)ရွာအား ရွေးချယ်ပြီးဆောင်ရွက်ရန်" လမ်းညွှန်မှာကြားချက်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် မိတ်ဖက် ဌာနဆိုင်ရာများဖြစ်ကြသည့် ထွေ/အုပ်၊ စိုက်ပျိုးရေး၊ တိမွေးကု၊ ဆည်မြောင်း၊ ကျေးလက်လမ်း၊ ကျေးလက်ဖွံ့၊ လဝကနှင့် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပြည်မြို့နယ် မြောင်းဆုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ (၁၇.၅.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီမှ (၁၇:၃၀) နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

        ဆွေးနွေးပွဲတွင် ဦးထွန်းနိုင်လင်းက စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်၊ လက်ရှိဆောင်ရွက်လျှက်ရှိသော စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သီးနှံစိုက်တောင်သူ အစုအဖွဲ့ဖွဲ့စည်းခြင်းဖြင့် မျိုးကောင်း၊ မျိုးသန့်များရယူ၍ တစ်စုတစ်စည်းတည်း စိုက်ပျိုးနိုင်ခြင်း၊ သွင်းအားစုများကို ဈေးနှုန်း ချိုသာစွာဖြင့် ကုမ္ပဏီမှ တိုက်ရိုက်ရယူနိုင်ခြင်း၊ နည်းပညာများအား တစ်စုတစ်စည်းတည်း ရယူနိုင်ခြင်း၊ ထုတ်ကုန်ကို စုစည်းထားနိုင်ပြီး ရောင်းသူဈေးကွက်/ တောင်သူဈေးကွက် ဖော်ဆောင်နိုင်ခြင်း၊ Contract Forming စနစ်ဆောင်ရွက်နိုင်ခြင်း၊ စက်မှုလယ်ယာစနစ် အဆင့်မြင့် လယ်ယာစနစ်ဖော်ဆောင်နိုင်ခြင်း၊ ချေးငွေများရယူ၍  လယ်ယာသုံးစက်ကရိယာများဝယ်ယူနိုင်ခြင်း၊ အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်လာနိုင်သဖြင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်၍ တောင်သူ၏ ဘဝ အဆင့်အတန်းမြင့်လာနိုင်မှာဖြစ်ကြောင်း တောင်သူ (၇၀)ဦးတို့အား အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)