ကင်းမွန်မှ ရရှိသော ကျန်းမာရေးအကျိုးကျေးဇူးနှင် ပေါများလာပြီဖြစ်သော ပုသိမ်မြို့ကင်းမွန်ဈေးနှုန်း

Powered by Drupal

          ကင်းမွန်ငါးဟာ ကယ်လိုရီနည်းပြီး ပရိုတင်းများတဲ့ ငါးအမျိုးအစားတစ်မျိုးဖြစ်ပါတယ်၊ ဆီနဲ့ကြော်ထားတာမဟုတ်တဲ့ ကင်းမွန်(၁၀၀) ဂရမ်မှာ ၇၅ ကယ်လိုရီ ကနေ ၈၅ ကယ်လိုရီပဲ ပြီး၊ ပရိုတင်းကတော့ ၁၅.၅ ဂရမ်ကနေ ၁၆.၁ ဂရမ်လောက်ပါဝင်ပါတယ်။ ကင်းမွန်မှာ ကာဗိုဟိုက်ဒရိတ် မပါဝင်တဲ့အတွက် Diet လုပ်နေသူများအတွက် အသုံးဝင်သော အစားအစာဖြစ်သည့်အပြင် ဗီတာမင် B12 နဲ့ B6 ပါဝင်တာကြောင့် အာရုံကြောတွေနဲ့ သွေးကြောကျန်းမာရေးအတွက်ကောင်းမွန်ပြီး၊ နှလုံးကျန်းမားရေးလည်းကောင်းမွန်ကြောင်း သိရှိရပါသည်။

          ယခုရာသီမှာ ကင်းမွန်များပေါများလာပြီး ပုသိမ်မြို့ဘူတာဈေးတွင် ကင်းမွန်အလတ် (၁) ပိဿာလျှင် (၁၅၀၀၀) ကျပ်ခန့်ရှိပြီး ကင်းမွန်အကြီး (၁) ပိဿာလျှင် (၃၀၀၀၀) ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)