ပေါက်ခေါင်းမြို့ ၏ခရမ်းကြွပ်သီး စိုက်ပျိုးမှုနှင့်ထွက်ရှိမှု

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများ စိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ တာဝန် ရှိသူများနှင့် မြို့နယ်တာဝန်ခံတို့သည် (၅.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါ ခရမ်းကြွပ်သီးကို ဧက(.၂၅) စိုက်ပျိုးထားရှိ သောတောင်သူ ဦးဇော်မင်းနှင့်တွေ့ဆုံ၍ မေးမြန်းရာ အပင်ပေါင်း (၂၀၀၀)ခန့်ရှိပြီး စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရှိရပြီး ထွက်ပေါ်ချိန်တွင် အသီးခူးဆွတ် ရာ(၃)ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အလုံးရေ (၁)သောင်းခန့် ခူးဆွတ်ရရှိ ကြောင်း သိရပါသည်။ ခရမ်းကြွပ်သီးများကို ခူးဆွတ်ရာတွင် ခူးဆွတ်ချိန် (၁)လခွဲခန့်ကြာမြင့်ပြီး အကြိမ်ရေမှာပျမ်းမျှ (၁၅)ကြိမ်ခန့် ခူးဆွတ်ရောင်းချနိုင်ကြကြောင်း သိရှိရပါသည်။  ခရမ်းကြွပ်သီး များထွက်ပေါ်ချိန်တွင် ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲအထိလာရောက်၍ ဝယ်ယူကြသဖြင့် လက်ကားစျေးအနေဖြင့် တစ်လုံးလျှင် ပျမ်းမျှရောင်းဈေးမှာ (၉)ကျပ်ဖြင့် ရောင်းချကြ၍ စျေးကွက် အတွင်းတွင် လက်လီစျေးအနေဖြင့် (၁)လုံးလျှင် (၄၀)ကျပ်၊ (၁၀)လုံးလျှင် (၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရပါသည်။ ရောင်းချသောဈေးကွက်များမှာ ပေါက်ခေါင်းမြို့ပေါ်ရှိဈေးများအပြင် နယ်မြို့များရှိဈေးများနှင့် ပြည်ဈေးကွက်များသို့တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်သီးများ ထွက်ပေါ်ချိန်တွင် တောင်သူများဝင်ငွေအနေဖြင့် (.၂၅)ဧကတွင် ၁၃၅၀၀၀၀ကျပ်ရရှိပြီး အသားတင် အမြတ်မှာ ၈၅၀၀၀၀ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)