ကန့်ဘလူမြို့ ဒေသထွက် ရာသီစာ မန်ကျည်းရွက်နု

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေးတွင်လာရောက် ရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း မန်ကျည်းရွက်နု(၁)ပုံလျှင်(၅၀၀)ကျပ်၊ မန်ကျည်းရွက်နု(၃)ပုံလျှင် (၁၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်း ရွက်နုအား  အိမ်ရှင်မများဟင်းချက်ရာတွင် လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်းအသုံးပြုကြ သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)