စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် တာဝန် ရှိသူတို့သည် (၅.၂.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ ၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူး ရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများ မြင်သာသော နေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)