ကန့်ဘလူမြို့၌ ရာသီစာ ပဲကြီးအစိုညှစ်ဈေးနှုန်း/ဈေးးကွက်အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ ပဲကြီးသည်လည်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးပြီး လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲကြီးအစိုညှစ် ဈေးနှုန်းများမှာ ပဲကြီးအစိုညှစ် တစ်ပြည်လျှင်(၁၂၅၀၀)ကျပ်၊ ပဲကြီးအစိုညှစ် နို့ဆီ တစ်ဘူး လျှင်(၁၆၀၀)ကျပ်ဈေးဖြင့် ရောင်ချလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲကြီးအစိုညှစ် ဈေးနှုန်းများမှာ ပဲကြီးအစိုညှစ် တစ်ပြည်လျှင် (၁၀၀၀၀)ကျပ်၊ ပဲကြီးအစို ညှစ် နို့ဆီ တစ်ဘူးလျှင်(၁၃၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသောကြောင့် ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပဲကြီးအစိုညှစ် တစ်ပြည်လျှင်(၂၅၀၀)ကျပ် ကျဆင်းလျက် ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)