စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူမြို့ ပေါ်ရပ်ကွက်မျာမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းလုပ်ကိုင်ကြရာ ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုးရောင်းချလျက် ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၀၀)ကျပ် ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် သိရသည်။
DOCA(စစ်ကိုင်း)