စားတော်ပဲစိမ်း ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိမိတို့ နေအိမ်ဝင်းအတွင်းနှင့်လယ်ယာမြေများထဲတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စားတော်ပဲစိမ်းကို စိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။

          ၂၀၂၅ ခုနှစ်၊    ယခင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ စားတော်ပဲစိမ်း  နို့ဆီ တစ်ဘူးလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမပတ် အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စားတော်ပဲစိမ်း ဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည် လျှင်(၁၁၀၀၀)ကျပ်၊ စားတော်ပဲစိမ်း  နို့ဆီ တစ်ဘူးလျှင်(၁၃၀၀/၁၄၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင် ဇန်နဝါရီလ နောက်ဆုံးပတ် စားတော်ပဲစိမ်းဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက စားတော်ပဲစိမ်းဈေးနှုန်း တစ်ပြည်လျှင်(၁၀၀၀)ကျပ် ကျဆင်းလျက်ရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)