![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/13_64.jpg?itok=bJO7oKau)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် တည်သီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ တည်သီးများ ကိုမန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညွာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့် မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာ အဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ် အတွင်း ရောင်းချနေသော တည်သီးဈေးနှုန်းမှာ တည်သီး(၁)လုံးလျှင်(၃၅၀၀)ကျပ်နှင့် တည်သီး (၃)လုံးလျှင်(၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချ လျက်ရှိသော သစ်သီးဆိုင်များမှသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)