![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/48_19.jpg?itok=75s29C8F)
ထားဝယ်မြို့၏ အဓိကစားသုံးကုန်တစ်မျိုးဖြစ်သောကြက်ဥသည် စားသုံးသူပြည်သူတို့၏ အဓိကဖြစ်သည့်နှင့်အညီ လိုအပ်ချက်များစွာရှိသည်။ ရှမ်းပြည်နယ်မှအများဆုံးတင်သွင်းပြီး စီးပွားဖြစ်မွေးမြူကြသော လုပ်ငန်းအများအပြားရှိသည်။ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ထားဝယ်မြို့ စျေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်ဥ/ ဘဲဥ စျေးနှုန်းများသည် အနည်းငယ်တည်ငြိမ်နေကြောင်း သိရပါသည်။
ယခင် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ကြက်ဥကြီးတစ်လုံးလျှင် (၄၆၀)ကျပ်၊ အလတ် (၄၅၀) ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် (၇၀၀) ကျပ်၊ အလတ် (၅၈၀) ကျပ်ခန့်ရှိပြီး၊ ယခု လက်ရှိ စျေးနှုန်း များအရလည်း ကြက်ဥအကြီးတစ်လုံးလျှင် (၄၆၀) ကျပ်၊ အလတ် (၄၅၀) ကျပ်ခန့်နှင့် ဘဲဥအကြီးတစ်လုံးလျှင် (၇၀၀) ကျပ်၊ အလတ် (၅၈၀) ကျပ်ခန့်ရှိကာ စျေးနှုန်းတည်ငြိမ်လျက်ရှိနေ ရရှိနေကြောင်း ထားဝယ်မြို့ရှိ စည်ပင်သာယာစျေးကြီးများတွင် ရောင်းချနေသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)