ထားဝယ်မြို့ငါးဈေးကွက်အခြေအနေ

Powered by Drupal

            တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အလျောက် ရေလုပ်ငန်း လုပ်ကိုင်သူများပေါများပါသည်။ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းများ လုပ်ကိုင်ကြပြီး တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေများဖြင့်လည်းကောင်း၊ ငါးဖမ်းစက်လှေကြီး များဖြင့် လည်းကောင်း ဖမ်းယူကြပြီးရရှိသော ငါး၊ ပုစွန်၊ ဂဏန်းများကို ပင်လယ် ကမ်းခြေရွာများမှ ထားဝယ် မြို့ပေါ်ရှိ ကမ်းနားပျံကျဈေးနှင့် ရပ်ကွက်ဈေးများတွင်လည်းကောင်း၊ စက်လှေကြီးများဖြင့် ဖမ်းယူရရှိလာသော ငါး၊ ပုစွန်၊ ဂဏန်းများကို ထားဝယ်မြို့ပေါ်ရှိ ငါးဒိုင်များ၊ ကုမ္ပဏီများတွင်လည်းကောင်း လာ‌ရောက်ရောင်းချကြပါသည်။

         ယနေ့ငါးဈေးကွက်အခြေအနေအရ ဒေသတွင်း စားသုံးမှုများပြားသည့် ငါးပုတ်သင်များ ဝင်ရောက်မှုများပြားကြောင်း စုံစမ်းသိရှိရပါသည်။ ငါးပုတ်သင် တစ်ပိဿာလျှင် အနည်းဆုံး ၃၀၀ဝိ/- မှ ၆၀၀ဝိ/- အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)