![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20_40.jpg?itok=1-PuexFO)
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် နနွင်းများ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ ပထမပတ် တွင်စတင်တူးဖော်လျှက်ရှိရာ နနွင်းများစတင်တူးဖော်ချိန်တွင် စျေးနှုန်းများ ကောင်းမွန်လျှက်ရှိပါ သည်။မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက(၁၀၄၅)ဧက စိုက်ပျိုးထားရှိ ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ နနွင်းရိတ်ဧက မပေါ်သေးသော်လည်း အစောစိုက်တောင်သူများမှ စတင်တူးဖော်လျှက်ရှိပါသည် ။ နနွင်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၂၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ယခင်နှစ်နနွင်းစိုက်ပျိုးထွက်ရှိမှုတွင် (၁)ဧက နနွင်းလှည်း(၁၃)စီးခန့်ထွက်ရှိပြီး တင်းအနေဖြင့်(၃၂၅)တင်းထွက်ရှိကြောင်း ၊ တစ်တင်းလျှင်(၁၂၅၀၀/-)ကျပ်ဖြင့် ရောင်းချရသော ကြောင့်၊စိုက်ပျိုးစရိတ်နှုတ်ပြီး အကျိုးအမြတ်အနေဖြင့်(၂၀)ကျော်ခန့်မြတ်ကြာင်း ၊ ယခုနှစ် နနွင်း အထွက်နှုန်းမှာ(၃၂၅)တင်းခန့်ထွက်ရှိပြီး နနွင်းတောဝယ် တစ်တင်းလျှင်(၂၀၀၀၀/-)ကျပ်ဖြင့်ရောင်းချ ခဲ့ရသောကြောင့် ပေါ်ဦးပေါ်စတွင် သိန်း(၄၀)ကျပ်ခန့်မြတ်ကြောင်း၊နနွင်းများ ဖြိုင်ဖြိုင်ထွက်ပေါ်ချိန် တွင်လည်းဈေးများ ဆက်လက်ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း၊ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ အခင်းထဲအရောက် ထော်လာဂျီများဖြင့်လာရောက် ဝယ်ယူကြကြောင်း၊ပွဲစားများမှတဆင့် ပွဲရုံများသို့ ရောင်းချလျှက်ရှိပြီး ပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ရောင်းချကြကြောင်း ၊ ယခုလက်ရှိနနွင်းပေါက်စျေးအနေဖြင့် နနွင်းအစိုး တစ်တင်းလျှင်(၂၀၀၀၀/-)ကျပ်၊နနွင်းအခြောက်တစ်တင်းလျှင်(၅၃၀၀၀/-)ကျပ်၊ နနွင်းမှုန့်(၁)ဗူးလျှင် (၁၅၀၀-၂၀၀၀)ကျပ်စျေးမျာဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)