“ဆီးသီးများယခင်နှစ်ထက်စျေးကောင်းရရှိ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဆီးချဉ်သီး နှင့်ဆီးချိုသီးများစတင်ထွက်ပေါ်လျှက်ရှိပါသည်။အညာဒေသတွင် တောင်သူဦးကြီးများမှ မိမိတို့ တောနေအရိပ်ရရန်အတွက် လယ်ကန်သင်းခုံများတွင် ဆီးချဉ်သီးပင်များကို စိုက်ပျိုးထားကြပါသည်။ အများအားဖြင့် ဆီးချဉ်ပင်သည် အလေ့ကျပေါက်ရောက်သောအပင်မျိုးဖြစ်ပါသည်။မြို့နယ်အတွင်း အများဆုံးပေါက်ရောက်သောရွာများမှာ တောင်တွင်း၊တောင်တော်နှင့်ဒါးရဲကောင်းရွာများတွင် အများ ဆုံးပေါက်ရောက်ကြပါသည်။ ဆီးချဉ်ပင်သည် အညာဒေသ၏ နေရာတော်တော်များများတွင် ပေါက်ရောက်ရှင်သန်သောအပင်တစ်မျိုးဖြစ်ပါသည်။ ပေါက်ရောက်သော ဆီးသီးအမျိုးအစားများမှာ ဆီးပဲလှော်၊ဆီးကြက်ဥ၊ဝက်သက်ခေါက် ဆီးသီးဟူ၍အမျိုးမျိုးပေါက်ရောက်ကြပါသည်။ဆီးချိုပင်ကို တော့စဉ့်ကိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးကြပါသည် ။ ဆီးချိုပင်ကို ခြံဖြင့်စီး ပွားဖြစ်က်ပျိုးကြ ကြောင်း၊အများဆုံးစိုက်ပျုးသော ဆီးချိုပင်အမျိုးအစားမှာ အလုံးကြီးမျိုး ထိုင်ဝမ်မျိုးများကိုသာ စိုက်ပျိုးကြပါသည်  ။ ဆီးချိုသီးရောင်းဝယ်မှုတွင် ပြည်ချိန်ဖြင့် ရောင်းဝယ်ကြကြောင်း ၊ ဆီးချိုသီး (၁)ပြည်လျှင် ဆီးသီးအလုံးပေါ်မူတည်၍ (၁၅၀၀-၂၀၀၀)ကျပ်အထိ ရောင်းချကြကြောင်း၊ အလုံးကြီး မျိုးထိုင်ဝမ်ဆီးသီး(၁၀)ပြည်ပါ တစ်ဖာလျှင်(၁၅၀၀၀-၂၀၀၀၀)ကျပ်အထိ ရောင်းချကြကြောင်း ၊ ဆီချဥ်သီးစျေးနှုန်းအနေဖြင့် ယခင်နှစ်စျေးနှုန်းမှာ အခြောက်တစ်တင်းလျှင် (၉၀၀၀-၁၀၀၀၀)ကျပ် အထိရောင်းချခဲ့ရပြီး ယခုလက်ရှိ ပေါက်စျေးအနေဖြင့် အခြောက်တစ်တင်းလျှင်(၁၁၀၀၀-၁၂၀၀၀) ကျပ်အထိရောင်းချရသဖြင့် ဆီးသီးကောက်ရောင်းချသူများ အပိုဝင်ငွေများ ရရှိလျှက်ရှိကြောင်း ၊ ဆီးချဉ်သီးကို တောလည်ကောက်သူများမှ နေလှမ်းအခြောက်ခံကာ မြို့ပေါ်ပွဲရုံများသို့ ကိုယ်တိုင် ရောင်းချကြကြောင်း၊ပွဲရုံများမှတစ်ဆင့် မန္တလေးနှင့်ဆီးဖျော်ရည်လုပ်ငန်းရှင်များမှ လာရောက်ဝယ်ယူ ကြကြောင်း၊ယခင်နှစ်ထက် စျေးနှုန်းများကောင်းမွန်သောကြောင့် ဆီးသီးကောက်၍ ရောင်းချသူများ မှာမိသားစုအပိုဝင်ငွေတိုး၍အဆင်ပြေကြောင်း ၊ ဆီးသီးကောက်ရောင်းသူတစ်ဦး၏ ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)