ပြောင်းဈေးနှုန်း အနည်းငယ်မြှင့်တက်သဖြင့် ပြောင်းတင်ပိုမှုများလာ

Powered by Drupal

             ကယားပြည်နယ်တွင် ပြောင်းကို  အဓိကစိုက်ပျိုးလျှက်ရှိပြီး ပြောင်းသည် ပြည်နယ်၏ အဓိကပို့ကုန် သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ပြောင်းစိုက် ဧက( ၅၁၇၃၈  ) ၊ ရိတ်ဧက ( ၄၄၅၇ )၊ အထွက်နှုန်း (၂၇၅၅၀၅)ရှိပြီး ၊ ပြောင်းဈေးကွက်မှာ  ပြည်နယ်မှထွက် ရှိသော  ပြောင်းများကို  မြဝတီသို့ အဓိကတင်ပို့ လျှက်ရှိကြောင်း ယခုမေလအတွင်း ပြောင်းတင် ပို့နိုင်မှုမှာ ပြောင်း(၄၈၇၃)အိတ်၊(၂၃၉)တန်ရှိပြီး ပြောင်းဈေးနှုန်းများမှာ ပြောင်းတစ်ပိဿာလျှင် (၉၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်ဧပြီလအတွင်း ပြောင်းတင်ပို့မူများမှာ  ပြောင်း(၃၈၇၀)အိတ်၊ (၁၉၀)တန်ခန့် သာတင်ပို့နိုင်ခဲ့ပြီး ပြောင်းဈေးနှုန်း မှာ (၈၀၀)ကျပ် ခန့်သာရှိခဲ့ကြောင်း ၊ ယခင်ဧပြီ နှင့် ယခုမေလနှိုင်းယှဉ်လျှင် မေလအတွင်း ပြောင်းဈေးနှုန်း ၁ပိဿာလျှင် (၁၀၀)ကျပ် ခန့်ဈေးနှုန်းအနည်းငယ်မြှင့်တက်လာသဖြင့် ပြောင်းတင်ပို့မူမှာလည်း (၁၀၀၃)အိတ်၊ (၄၉) တန်ခန့် ပိုမိုတင်ပို့လာနိုင်ကြောင်း ပြောင်းကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)