လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် (၁၆၀၀-၁၇၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၄၀၀၀ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်းရောင်းချလျှက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ် ကျပ်သားလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ အာဗြဲခြောက် အချိုခြောက်တစ်ဆယ် ကျပ်သားလျှင် (၃၅၀၀-၄၅၀၀-၆၀၀၀)ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက်ရှိပါသည်။ အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သားလျှင် (၂၈၀၀-၃၀၀၀) ကျပ်၊ SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် (၁၆၀၀) ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၅၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၂၀၀ ကျပ်၊ငရံ့လုံးခြောက်တစ်ဆယ်ကျပ်သားလျှင်(၄၀၀၀-၅၀၀၀-၆၀၀၀)ကျပ်၊ ငါးဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် (၁၅၀၀-၂၀၀၀) ကျပ်ဈေးတို့ဖြင့် ပုံမှန်ရောင်းချလျက် ရှိပါသည်။

          ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၅၀၀၀ ကျပ်မှစတင်၍  ၁၅၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ (၈၀၀၀-၉၀၀၀-၁၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်း သွားခြင်းမရှိပဲ ပုံမှန်ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးအတွင်းငါးပိ၊ငါးခြောက်၊ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)