ကန့်ဘလူမြို့ မြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတောင့်ရှည်သီး ဈေးနှုန်း/ ဈေးကွက် အခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး (၅)တောင့်ပါ ၁စီးလျှင်(၂၀၀)ကျပ်၊ ပဲတောင့်ရှည် သီး(၅)တောင့်ပါ ၃စီးလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်သီး (၈)တောင့်ပါ ၁စီးလျှင်(၂၅၀)ကျပ်၊ ပဲတောင့်ရှည် သီး (၈)တောင့်ပါ ၂စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)