![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/91_10.jpg?itok=KQr9KHBp)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလပထမပတ်အတွင်း “မြို့မဈေး”ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များ တွင်ရောင်းချနေသည့် ချင်းတက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ လက်လီဈေးနှုန်းမှာ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်း ယှဉ်ပါကယခုပတ်အတွင်း ချင်းတစ်ပိဿာလျှင်(၅၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ချင်းတက်များကို ရှမ်းပြည်နယ် ၊ အောင်ပန်းမြို့မှဝယ်ယူရကြောင်း၊ ချင်းတက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များမှလည်း ဝယ်ယူကြကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)