![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/94_19.jpg?itok=Lbm644mq)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။
ယခုလိုဆောင်းရာသီတွင် ကွမ်းရွက်များအထွက်နည်းလာကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဖေဖေါ်ဝါရီ လပထမပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေး ပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ၁၄၀၀၀-၁၄၅၀၀ကျပ် ၊ ကွမ်းရွက်(ကြီး)တစ်ပိဿာ လျှင် ၅၅၀၀ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့ ၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်တွင် အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုလပထမပတ်အတွင်း ကွမ်းရွက်(ရှယ်)တစ်ပိဿာ လျှင် ၂၀၀၀ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ၄၀၀၀ကျပ် ကျဆင်းသွားကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)