ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဘိလပ်စေ့သီးနှံဈေးနှုန်းအခြေအနေ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဖေဖေါ်ဝါရီလပထမပတ်အတွင်း ဈေးနှုန်းများမှာ ဘိလပ်စေ့တစ်တင်းလျှင် (၆၀၀၀၀)ကျပ်၊ ဘိလပ် စေ့အညံ့တစ်တင်းလျှင်(၅၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ဘိလပ်စေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များ သို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

              ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)